မေ့မရပါ ချစ်သူ
ချစ်သူရယ်..
မင်းအကြောင်းကို
ငါဟာ
မတွေးတော့ပါဘူးလို့
ဘယ်လောက်ပဲ အားတင်းထားပေမယ့်
မတည်ငြိမ်တဲ့ ငါ့ရဲ့စိတ်အစဉ်က
မင်းဆီမှာပဲ အမြဲတမ်းရောက်နေရတယ်....။
ချစ်သူရယ်...
မင်းကို ငါဟာ
ရင်နင့်အောင်ချစ်နေရလို့
အသဲကျွမ်းအောင်လွမ်းနေရတဲ့
ငါ့ဘဝမှာ
အလွမ်းတွေ၊ အဆွေးတွေဆိုတာကို
မေ့ဖျောက်လို့မရတော့ပါ...။
ချစ်သူရယ်..
မင်းကို ဆက်တွေ့ဖို့
အားအင်တွေမရှိတော့ပေမယ့်
ငါ ဟာ
မင်းကိုမြင်ချင်ဇောနှင့်
အချိန်တိုင်းစောင့်နေမိတယ်...။
...........
၃၀-၆-၂၀၀၉
0 အကြံပြုချက်တွေ:
Post a Comment