အချစ်ဆုံးသူသို့....
ချစ်သူရယ်..
တကယ်တော့
ငါဟာ
မင်းဘဝအတွက်
အချစ်ဦးသူတယောက်
မဟုတ်ဘူးနော်..။
ဒါပေမယ့်..
ချစ်သူရယ်..
မင်းဟာလေ
ငါ့ဘဝအတွက်တော့
အချစ်ဦးသူဆိုတာလည်း
မင်းပဲဖြစ်သလို
အချစ်ဆုံးသူဆိုတာလည်း
မင်းပဲဖြစ်တယ်...။
ချစ်သူရယ်..
မင်းကိုချစ်မိပြီးမှပဲ
အလွမ်းတို့၊ မျက်ရည်တို့ကို
ငါ ပိုင်ဆိုင်ရတယ်...။
ချစ်သူရယ်..
ရာသီတွေဘယ်လောက်ပြောင်းပြောင်း
ငါ့ရဲ့ရင်မှာလေ
မင်းတယောက်တည်းအတွက်
မပြောင်းလဲတဲ့အချစ်တို့
ထာဝရသစ်လွင့်နေတယ်ဆိုတာ
ချစ်သူယုံပါနော်...။
............
၁-၇-၂၀၀၉
၂:၂၅ pm
0 အကြံပြုချက်တွေ:
Post a Comment