Thursday, August 13, 2009

နှောင်ကြိုး

နှပန်းမသိလို့
နမ်းခဲ့မိပြီ..
လမ်းမသိလို့
လျှောက်ခဲ့မိပြီ..
လွမ်းသူအသည်း
ငါ့ရင်ကွဲပေါ့…။

မသေမချာ
ဇဝေဇဝါနှင့်
သူပြုသမျှ
နုနေရလို့
ငိုကြွေးနေရ
နေ့ရက်လတို့
ရေမတွက်နိုင်…။

အသဲတွေမာ
သူ့ရဲ့ထံအောက်
ထိုးမှောက်လဲကျ
ရုန်းမရဘူး…။

အသဲတွေနု
မချစ်ဖူးသူ
ငါလိုလူအတွက်
မင်းနှိပ်စက်လို့
မျက်ရည်စက်တွေ
မိုးရေတွေလို…။

………………
၁၃.၀၈.၂၀၀၉

0 အကြံပြုချက်တွေ:


About This Blog



  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP