တွယ်တာတတ်သူမို့
ငါ့ဘဝဟာ အကြွေခံသက်သက်ပန်းတပွင့်လိုပဲလေ။
မင်းကို သိပ်ချစ်နေလျှက် နောက်ကွယ်ကသာ
လွမ်းနေခွင့်ရနေတယ်။ အချစ်လို့ စ,နားလည်
ကတည်းက ငါ့ဘဝမှာ မျှော်လင့်ချက်တွေ
ဘာမှမရှိနိုင်မှန်းကို ရင်ထဲကအလိုလိုသိနေတယ်။
ဒါပေမယ့် မင်းကိုချစ်နေမိတဲ့ ငါ့ရဲ့စိတ်တွေကို
ဘယ်လို့မှတားဆီးလို့မရနိုင်ဘူးလေ။
ဝဋ်ကြွေးတွေတပုံတပင်ကြားမှာ မင်းရဲ့
ချိုမြိန်တဲ့အပြုံးတွေကို ခုံမင်လာရင်းနှင့်
ငါ့ဘဝရဲ့ အလင်းအိမ်တခုအဖြစ် အားသစ်တွေနှင
့်တောင့်တဆဲပါချစ်သူ။ အစားထိုးနှုင်းယှဉ်စရာတွေမရှိတဲ့
ငါ့ရဲ့အချစ်တွေကို တနေ့နေ့တချိန်ချိန်မှာ
မင်းနားလည်နိုင်ပါစေလို့ ကြိတ်မှိတ်ဖြေသိမ့်ရင်နဲ့သာ
ဆုတောင်းနေပါတယ်ချစ်သူ။ တွယ်တာတတ်သူတို့
သဘာဝအတိုင်း တွယ်တာမှုစည်းဝိုင်းကြားက
အလွမ်းများစွာတောက်ပဖို့အတွက် ငါ့ဘဝမှာ
မင်းကိုဘယ်လိုမှ မေ့လို့ရနိုင်တော့မှာမဟုတ်ဘူး
ချစ်သူရယ်....။
------------------
၁၄.၀၈.၂၀၀၉

0 အကြံပြုချက်တွေ:
Post a Comment