Sunday, October 11, 2009

ထာဝရမင်း

ဘာဘဲလုပ်လုပ်
မင်းရုပ်မြင်ယောင်…။

ဘယ်ဘဲသွားသွား
မင်းစကားကြားယောင်..။

ဘာပဲတွေးတွေး
မင်း..နံဘေးမှာ
ပြေးလာသယောင်…။

မှောင်လည်းမမည်း
လင်းလည်းမတွေ့
မေ့လည်းမရ

ညကိုကိုင်နှိုး
မင်းပိုင်စိုးသည်…။
မျက်ဝန်းမိုးညို
ရင်အိုချိုင့်ဝှမ်း
အလွမ်းပြည့်သိပ်
အအိပ်ခက်ခက်
မင်းနှိပ်စက်ဒဏ်
မခံနိုင်လည်း
အံခဲမျိုသိပ်
လွမ်းလိုစိတ်ကြောင့်
ကြိတ်မှိတ်လှိုက်စား
မင်းအပါးမှာ…။

ထားရာစေကျွန်
ကျေပွန်ငယ်ကျွမ်း
မြေဇာပန်းလို..
နမ်းနမ်း နင်းနင်း
ကြမ်းတခင်းမို့
လွမ်းရင်းမျှော်ပိုက်
နေပျော်လိုက်ချင်…။

သံယောဇဉ်ဦး
ရူးတော့မတတ်
အလွမ်းဇာတ်ထုတ်
လွမ်းရုပ်မပီ
တေးတွေသီလျှက်
မင်းအတွက်ပါ…။

...............

၁၂-၁၀-၂၀၀၉

0 အကြံပြုချက်တွေ:


About This Blog



  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP