Sunday, October 11, 2009

မင်းပုံရိပ်တွေထင်ကျန်နေဆဲ

စိတ်ဓာတ်တွေ လေးလံနေဆဲပါ…။ ကမ်းဝေးနေတဲ့ ဆန္ဒတွေနှင့်
ရှေ့ဆက်ရမယ့်လမ်းက မှောင်မိုက်ညတွေပဲလား ချစ်သူ...။
လှောင်ပိတ်နေတဲ့ ရင်ခုန်သံတွေကိုပွေ့ပိုက်လို့ ငါဘယ်လိုများ
ပျော်ပိုက်ရတော့မှာလဲ ချစ်သူ…။ မရင့်ကျက်သေးတဲ့ အသည်းက
အချစ်ဆိုတာကို ခံစားရတဲ့နောက် မျှော်လင့်ချက်တွေ ခြောက်လှန့်လို့
ဒဏ်ရာတွေဟာ ငါ့ရင်တွင်းမှာ သွေးပျက်မတတ်စွန်းထင်းနေရပြီ ချစ်သူ…။

အိပ်မက်မဆန် ဒဏ္ဍာရီမဟုတ်ပါ…။ ဘဝရဲ့မမေ့နိုင်စရာ သမိုင်းတစ်ခု
သာဖြစ်တယ် ချစ်သူ..။ မျက်ရည်စွန်းတဲ့ ဒိုင်ယာရီထဲမှာ အလွမ်းတွေ
အက္ခရာအဖြစ်နဲ့ နိုးထနေတဲ့အကြောင်းကို အိပ်မက်ဟောင်းက
မေ့မရပါ ချစ်သူ…။ နှလုံးသားကိုအလိုလိုက် အချစ်နဲ့မိုက်နေတဲ့အတွက်
နောင်တတွေခြေရာပျောက်နေဆဲပါ ချစ်သူ…။ ပြဒါးမရှိတဲ့မှန်သေထဲမှာ
မင်းရဲ့အပြုံးများစွာ ထင်ဟပ်စေခဲ့ပါတယ် ချစ်သူ…။ အစားထိုးမရနိုင်တဲ့
ရင်ခုန်ခြင်းတွေ၊ စကားလုံးအသစ်တွေနဲ့ အရောင်ပြောင်းဖို့ ခက်လှပါတယ်
ချစ်သူ…။
....................
၁၁-၁၀-၂၀၀၉

0 အကြံပြုချက်တွေ:


About This Blog



  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP