ငါ့မှ မပိုင်တော့ဘူး
ငါထွက်ခွာပြီ
ရာသီရှည်ကြာ
အနေကွာတုန်း
မုန်းချင်မုန်းလေ
မေ့နေနေလိုက်
လွမ်းနေခဲ့လို့
လက်မတို့ပါ
မမှာချင်ဘူး
ငြိုငြင်စိတ်ကူး
မမုန်းဘူး“နွယ်”…။
တမ်းတလောင်မြိုက်
ကြွေကွဲစိတ်နဲ့
အဝေးရပ်က
ငါ့ဘဝမှာ
မင်းကိုစိတ်စွဲ
ချစ်နေလည်းကွယ်
မင်းမျက်ဝန်းထံ
အပ်ထားချန်ရစ်
တစစီကွဲ
ငါ့အသည်းကို
ငါမှ မပိုင်တော့ပဲ“နွယ်”…။
………………………
၁၀-၁၀-၂၀၀၉
0 အကြံပြုချက်တွေ:
Post a Comment